Mega Beauty spa

Review

2+1 Free နဲ့ Mega မှာ Body Spa သွားလုပ်ကြမယ် ချစ်သဲလေးတို့ရေ မင်မင်တို့ ဒီတစ်ခေါက်တော့ Chemical မပါဘဲ သဘာဝပစ္စည်းတွေကိုအသုံးပြုပေးတဲ့ ထူးထူးခြားခြား Organic Spa လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် Mega Spa ရဲ့ ထူးခြားချက်လေးက ပုံမှန် Spa တွေနဲ့မတူပဲ လုံးဝကို Organic တွေကိုပဲ သုံးပေးလို့ မင်မင် တို့လို မိန်းကလေးတွေအတွက် အထူးသင့်တော်တဲ့ Spa တစ်ခုပါ

ဘယ်လိုလူတွေလုပ်သင့်သလဲ
နေလောင်ပြီး အသားမညီမညာ ဖြစ်နေသူတွေ
အဆစ် အမြစ် ကိုက်ခဲ နာကျင်သူတွေ
အသားခြောက်ပြီး ၊ အနံ့ဆိုး ထွက်သူတွေ
ညဘက် အိပ်မပျော်သူတွေ
အကြောပျက်သူတွေ
အထိုင်များပြီး အညောင်းမိသူတွေ
လုပ်သင့်ပါတယ် ။ .

ဘယ်လိုတွေလုပ်ပေးတာလဲ
Body Spa ကို စနစ်ကျကျ အဆင့် ခြောက်ဆင့် နဲ့တောင်လုပ်ပေးတာနော်
1 Body Cleansing လုပ် ဂျေးချွတ်ပေးတယ်
2 Coffee Scrub တိုက်ပေးတယ်
3 မန်ကျည်းနံ နွင်း နဲ့ ပေါင်းတင်ပေးတယ်
4 ချွေးထုပ်ပေးတယ်
5 Oil massage နှိပ်ပေးတယ်
6 Body Mask နဲ့ ပေါင်းတင်ပေးတယ်

ဘယ်လို အကျိုးကျေးဇူးတွေ ရမှာလဲ
Coffee Scrub တိုက်ပေးခြင်းကြောင့် ခန္ဓာကိုယ်အတွင်းက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ၊ ဆဲလ်အသစ်တွေကို တဖန် ပြန်လည် မွေးဖွားလာစေခြင်းကြောင့် အသားရေကို ပိုမို ကောင်းမွန် လှပလာစေပါတယ် ဒါ့အပြင် အကြောပျက် ၊ အသားခြောက် ၊ နေလောင်ခြင်း ၊ အသားမညီညာခြင်း ၊ အနံ့ဆိုး ထွက်ခြင်းများကိုလည်း သက်သာ စေပါတယ် သဘာဝ မန်ကျဉ်းနံနွင်း ဖြင့် ပေါင်းတင်းခြင်းက ခန္ဓာကိုယ်တွင်း အပူအပုပ်တွေကို ကင်းစင်စေပြီး ၊ ညောင်းညာ ကိုက်ခဲမှုများကို သက်သာ ပျောက်ကင်းစေသလို မျက်စိ မကြည်လင်သူတွေ ၊ ကျည်းပေါင်းသမားတွေ အတွက်လည်း အထူးကောင်းမွန်စေပါတယ် မန်ကျဉ်းနံနွင်း လေးနဲ့ Scrub တိုက်နေချိန်မှာ အနံ့လေးက မွှေးလို့ ခေါင်းကို ကြည်လင် သွားတာပဲ ညဘက်အိပ်မပျော်သူတွေ ၊ စိတ်ဖိစိမှုများနေသူတွေအတွက်ကတော့ Oil Massage လေး နှိပ်ခြင်းဖြင့် စိတ်ကို ကြည်လင် စေပြီး ၊ လူကို Relax ဖြစ်စေပါတယ် မင်မင် အကြိုက်ဆုံးကတော့ အားလုံးပြီးသွားချိန်မှာ ပန်းရနံ့လေးတွေ သင်းနေတဲ့ ရေနွေးနွေးလေးနဲ့ ရေချိုးရတဲ့ feelling လေးကို အကြိုက်ဆုံးပဲ .

အားလုံးသိချင်နေမယ့် ဈေးနှုန်းလေးလာပါပြီနော်
Body Spa က 30,000 ks ပါ
2+1 Free ဆိုတော့ သူငယ်ချင်းသုံးယောက်သွားမယ်ဆို တစ်ယောက်မှာ 20,000 ks ပဲ ကျသင့်တော့မှာဆိုတော့ အချစ်ဆုံး သူငယ်ချင်းလေး (2) ယောက် ကို mention ခေါ်ပြီး Mega Spa ကို ဒိုးလိုက်တော့နော် နောက်ဆုံးအနေနဲ့ ပြောချင်တာလေးတစ်ခုက မသွားခင် Booking လေးတင်ပေးနော်

Mega spa
Phone : 0943066564
Address : ကြည့်မြင်တိုင် ကမ်းနားလမ်း ၊ စာတိုက်မှတ်တိုင် နှင့် သဲကွင်းမှတ်တိုင်ကြား
Open Time : 09:00 AM to 09:00 PM

Photos

Card image cap
Card image cap
Card image cap
Card image cap
Card image cap
Card image cap