Shwe Nyar Myay

Review

တော်ရေ တော်ရေ ပြောပြောနေတဲ့ အညာသူလေးတွေကို ချစ်သလို ရွှေညာမြေက မုန့်လေးတွေကိုလဲ ချစ်ဖို့လိုတယ်နော် အညာမြေက မုန့်မျိုးစုံကို အညာဓလေ့ အတိုင်း စားလို့ရမယ့် “ရွှေညာမြေ ’’ဆိုင်လေး လှည်းတန်း (၁) လမ်းမှာဖွင့်ထားတာ foodies လေးတွေ သိပြီးကြပြီလား ဈေးနှုန်းကလဲ 300 ks ကနေ 1,500 ks ပဲ ရှိတဲ့ တန်မှတန် မြန်မာ့ရိုးရာ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ် “ရွှေညာမြေ ’’ ဆိုင်မှာ ရတဲ့ အစားအသောက်တွေအကုန်လုံးက ကိုယ်တိုင်လုပ် ထားတဲ့ Home made လေးတွေဆိုတော့ အိမ်အစားအစာကို လွမ်းနေသူတွေအတွက် အိမ်အလွမ်းပြေမယ့် ဆိုင်လေးပါ

“ရွှေညာမြေ ’’ ဆိုင်မှာက အညာ မုန့်မျိုးစုံအပြင် အကြော်စုံ နှင့် ထမင်းဟင်းတို့ ကိုလည်း ရသေးတယ်နော်စားစရာတွေအကုန်လုံးကို ပူပူနွေးနွေးလေး စားရတဲ့အပြင် နှမ်းဆီ (စုံဆီ) စစ်စစ်ကို အသုံးပြုထားလို့ ဆီမသန့်မှာတော့ ပူစရာမလိုဘူးနော် ဝန်ဆောင်မှုကောင်း ၊ အရသာကောင်း ၊ စေတနာကောင်းသလို Delivery ပါရသေးတယ်နော်

မင်မင်ကတော့ တော်ရေ တော်ရေ ခေါ်တဲ့ အညာသူလေးတွေ ရောင်းတဲ့ “ရွှေညာမြေ ’’ဆိုင်က မုန့်ပျားသလက်ကလေးစား ရေနွေးကြမ်းလမ်းသောက်နေရရင်ကို ဘဝင်က ကြွနေမိပြီ မြန်မာ့ရိုးရာ ဓလေ့အတိုင်း အညာမုန့်လေးတွေကို အညာအရသာစစ်စစ် အတိုင်းစားရဖို့ဆိုရင်တော့ “ရွှေညာမြေ ’’ဆိုင် ကိုသာ ဒိုးလိုက်တော့ မင်မင်တို့ရဲ့ “ရွှေညာမြေ ’’ဆိုင်ရောက် food Review လေးကိုတော့ အောက်ကပုံလေးတွေမှာ ဝင်ကြည့်လိုက်ပါနော်

“ရွှေညာမြေ ’’
ဆိုင်လိပ်စာ - လှည်းတန်း (၁) လမ်း ၊ လှည်းတန်းစင်တာ မျက်နှာချင်းဆိုင် လမ်း ။
ဖုန်းနံပါတ် - ၀၉ ၇၇၁ ၂၂၁ ၁၇၄
ဆိုင်ဖွင့်ချိန် - မနက် (၇) နာရီ မှ ည (၁၀) နာရီအထိ

Photos

Card image cap
Card image cap
Card image cap
Card image cap
Card image cap
Card image cap