Michiko Beauty Salon

Review

ခေါင်းလဲလျှော်ခြင်တယ် မျက်နှာလေးလဲပေါင်းတင်ချင်တယ် လကုန်ခါနီးပြီဆိုတော့ budget ကလဲ ပြန်ကြည့်နေရပြီဆိုတဲ့ ရုံးဝန်ထမ်း မတ်မတ် တွေနဲ့ အိမ်ကနေမုန့်ဖိုးတောင်းနေရတဲ့ ညီမလေးတို့အတွက် အရမ်းတန်တဲ့ Package လေးကို Discount ပါချထားတဲ့ဆိုင်လေးနဲ့ မိတ်ဆက်ပေးပါရစေ ဆိုင်လေးကတော့ တာမွေပင်ရွှေညောင်လမ်းမှာရှိတဲ့ Michiko Beauty Salon ဆိုင်လေးပဲဖြစ်ပါတယ်။

အရမ်းတန်တယ်ဆိုလို့ ဘယ်လောက်တန်သလဲမမေးပါနဲ့ မျက်နှာဆေးပေါင်းတင်တာနဲ့ ဆံပင်ပေါင်းတင်တဲ့ အဆင့် (၇)ဆင့် လုပ်တာကို january လတွက် ကို ၉,၀၀၀ ကျပ်ထဲနဲ့ လုပ်နိုင်မှာဖြစ်ပါတယ်။ မင်မင်လဲ အဆင့် (၇) မျိုးကိုမှ ၉,၀၀၀ ကျပ် ဆိုတော့အရမ်းစိတ်ဝင်စားလို့သွားခဲ့လိုက်တယ်။
1 ခေါင်းလျှော်
2 မျက်နှာဂျီးချွတ်
3 မျက်နှာဆေး(facial Foam)
4 massage cream နဲ့နှိပ်
5 mask နဲ့မျက်နှာပေါင်းတင်
6 အပေါ်ပိုင်း Body massage
7 ဆံပင်အအေးပေါင်းတင်
(၇) မျိုးစလုံးလုပ်တာကို ၉,၀၀၀ ကျပ်ပဲ ပေးရတဲ့ Amazing Package လေးပဲ ။

Feeling ကိုပြောရမယ်ဆိုရင်တော့ဖြင့် .….ပထမဆုံးခေါင်းမလျှော်ခင် ခေါင်းကိုနှိပ်နယ်ပေး ပြီးပြီဆိုမှ ခေါင်းကို လျှော် အအေးပေါင်းပေါ့ ၊ ခေါင်းကိုပေါင်းနေချိန်မှာတော့ လူက လုံးဝကို Relax ဖြစ်လို့နေရော မျက်နှာကိုဂျီးချွတ်တဲ့အဆင့်မှာဆို စိတ်ရှည်ရှည်လုပ်ပေးတော့ မင်မင့်မျက်နှာလေးက လုံးဝကို cleansing ဖြစ်သွားတာပေါ့ ထပ်ပြီးတော့ massage cream လေးနဲ့နှိပ် Mask လေးကပ်ပြီး မျက်နှာပေါင်းတင်ပေါ့မျက်နှာကိုပေါင်းတင်ထားချိန် မှာတော့ လက်မောင်း နောက်ကျောတွေကိုနှိပ်ပေးတော့ အကြောတက် တတ်တဲ့မင်မင်တွက်တော့ အကြိုက်ပေါ့နော်

အားလုံးပြီးသွားချိန်မှာ stress ပိနေတဲ့ မင်မင်ရဲ့မျက်နှာလေး ကြည်လာတယ်-လုပ်ပီးသွားလို့ပြန်လာချိန်မှာ နို့ရည်လေးပဲလူးခဲ့တာကို မျက်နှာလေးကကြည့်ကောင်းနေတာ အဇမ်းလှနေရော ပျက်စီးနေတဲ့ မင်မင်ရဲ့ဆံပင်ကိုလည်း သေချာခေါင်းလျှော် ပေါင်းတင်ပေးပြီး စိတ်ရှည်လက်ရှည် ပုံသွင်းပေးလိုက်တော့ အို လှချက်ကတော့ 9+++ ပဲ KOOLPON ရဲ့ Member လေးတွေကိုလဲ မင်မင့်လို အဇမ်းလှစေချင်ချင်လို့ ဆိုင်လေးကို ညွှန်ပေးလိုက်ပြီနော်

Michiko Beauty Salon
Address : အမှတ် (၉၁) တိုက် B ပင်ရွေညောင်လမ်း၊တာမွေမြို့နယ်
(တာမွေ အခွန်လွတ်ဈေး ဘေးလမ်း/ကားပစ္စည်းအပိုရောင်းတဲ့ ဈေးဝန်းဘေး)
Phone : 09 730 459 88
Open Time : 9:30AM to 9:00PM

Photos

Card image cap
Card image cap
Card image cap
Card image cap
Card image cap
Card image cap