Review
Harmony Bistro ဆိုတာက လှိုင်မြို့နယ် ဘူတာရုံ လမ်းမှာရှိပြီး မကြာသေးခင်ကမှ အသစ်ဖွင့်ထားတဲ့ လူငယ်တွေအကြိုက် Budget ဆိုင်လေးတစ်ဆိုင်ပေါ့ Budget ဆိုင်လို့ပြောရလောက်အောင်ကို ဆိုင်တစ်ဆိုင်လုံးမှာ ဈေးအကြီးဆုံး Menu က ခြောက်ထောင် ကျပ်ပဲရှိတာမို့ မင်မင်တို့လို ရုံးဝန်ထမ်းတွေ နဲ့ လှည်းတန်းတဝိုက် သင်တန်းတက်နေ သူတွေအတွက် လုံးဝအကိုက်ပဲ ။
ဆိုင်က အပေါ်ထပ် နဲ့ အောက်ထပ် နှစ်ထပ် ကျယ်ကျယ်ဝန်းဝန်းရှိတာမို့
သူငယ်ချင်းတွေနဲ့အတူစားမလား
မိသားစုအလိုက္စားမလား
ချစ်သူနဲ့ Ro မလား
မွေးနေ့ပွဲပဲ ကျင်းပမလား အားလုံး OK တယ်နော်
အပေါ်ထပ်မှာက Mini Bar Style အပြင်အဆင်လေးရှိသလို ဆိုင်အပြင်အဆင်က အရမ်းတွေ ဂေါ်နေတော့ ဓာတ်ဖမ်းခြင်သူတွေ အတွက်ကတော့ အဆင်ပြေဆုံးဖြစ်မှာပါ
Delivery ပါ ရှိသေးတယ်ဆိုတော့ ….. ဘာလိုသေးလဲ ပြော Western နဲ့ Asia အစားအစာတွေက Main Menu တွေဆိုပေမယ့် ရွှေမြန်မာတွေ အကြိုက်လေးတွေလုပ်ထားတာဆိုတော့ အက်မင်တို့အတွက်ကတော့ လျှာဂျွန်းပျံခဲ့ ရတာပေါ့
အက်မင်တို့ လျှာဂျွန်းပျံအောင် စားခဲ့တာတွေက ထိုင်အရသာ ခေါက်ဆွဲပြုတ် ကြက်တောင်ပံအစာသွပ် Spaghetti Carbonara ကင်ချီထမင်းကြော် တို့ပဲဖြစ်ပါတယ် ။
အက်မင်တို့ရဲ့ Food Review လေးကိုအောက်ကပုံတွေမှာ Click နှိပ်ကြည့်ပြီး ဝင်ဖတ်လိုက်နော်
Harmony Bistro
Address - ဘူတာရုံလမ်း နဲ့ အင်းစိန်လမ်းထောင့် ၊လှိုင်မြို့နယ် ( မိုးယံရွှေလမင်း ထီဆိုင်ဘေး )
Phone - 09797293335
Open Time - 9:00 AM - 9:00 PM